သင်က နယ်ပယ်တစ်ခုမှာ အောင်မြင်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ဆိုရင် ဒီအချက်လေးတွေကို သိထားဖို့ လိုအပ်ပါတယ်။

သင်က နယ်ပယ်တစ်ခုမှာ အောင်မြင်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ဆိုရင် ဒီအချက်လေးတွေကို သိထားဖို့ လိုအပ်ပါတယ်။၁။ ပြင်းထန်စွာ အလုပ်ကြိုးစားပါ။လူအများစုဟာ လက်တလော အဆင်ပြေဖို့လောက်သာ အလုပ်ကြိုးစားကြပါတယ်။ သင်ဟာ ထူးချွန်အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အလုပ်ကို ပြင်းထန်စွာ ကြိုစားဖို့လိုပါတယ်။ အမှန်တကယ် အလုပ်ကြိုးစားတဲ့ သူတွေကို အောင်မြင်မှုက စောင့်ကြိုနေမှာ သေချာပါတယ်။၂။ အပြောလေးတွေ လျှော့ပါ။စကားဆိုတာ လူတိုင်း အလွယ်တကူ ပြောတတ်ကြပါတယ်။ အလုပ်နဲ့ သက်သေပြဖို့သာ ခက်ခဲတာပါ။ ဒါကြောင့် နေရာတကာမှာ အပြောကို ဦးစားမပေးဘဲ အလုပ်ကိုသာ အာရုံစိုက်ပါ။၃။ ရည်မှန်းချက် ကြီးကြီးထားပါ။လူတိုင်းမှာ ရည်မှန်းချက် ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် သင့်ရဲ့ ရည်မှန်းချက်တွေက ကြီးမားနေဖို့လိုပါတယ်။ ရည်မှန်းချက်တွေအတိုင်း အလုပ်ကြိုးစားမယ်ဆိုရင် ခမ်းနားတဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။၄။ ပျော်ရွှင်စွာ နေထိုင်ပါ။လူတစ်ယောက်အတွက်Continue reading “သင်က နယ်ပယ်တစ်ခုမှာ အောင်မြင်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ဆိုရင် ဒီအချက်လေးတွေကို သိထားဖို့ လိုအပ်ပါတယ်။”

လက်ဆေး ခြင်းဖြင့် ကာကွယ်နိုင်သော ရောဂါများ

ဒီတစ်လောမှာခဏခဏကြားနေရတာကတော့ ” လက်ဆေး ပါ” ဆိုတဲ့ စကားပါပဲ။ COVID-19 ဖြစ်နေတဲ့ အချိန်မှာ လူတွေကို ရောဂါ ကာကွယ်နိုင်ဖို့ မကြာမကြာ လက်ဆေးပါလို့ တိုက်တွန်းနေကြပါတယ်။ လက်ဆေးတာက COVID-19မှ မဟုတ်ပါဘူး။ တခြားရောဂါတွေကိုပါ ကာကွယ်နိုင်ပါတယ်။ ဒါတွေက ဘာတွေလဲ ဆိုတာ ကြည့်ကြရအောင်။ ၁။ COVID-19 အားလုံးသိတဲ့အတိုင်း WHOက ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာပြီးတဲ့ နောက်မှာ လူတွေက COVID-19နဲ့ ပတ်သတ်လို့ စိုးရိမ်မှုတွေ မြင့်လာကြပါတယ်။ ဒီဗိုင်းရပ်စ်က အဆုတ်ရောင်ရောဂါဖြစ်ပြီး အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ်များပါတယ်။ အသက်ရှူလမ်းကြောင်းကနေထွက်တဲ့ အမှုန်အမွားတွေကနေ ကူးပြီး ရောဂါပျိုးချိန်က ၁၄ရက်ပါ။ ဘာလက္ခဏာမှမပြဘဲ ပိုးကို သယ်ဆောင်ထားသူ (carrier) တွေလည်း ရှိပါတယ်။ ဒီတော့ သင့်ကိုယ်သင်ရော သူများကိုရော ရောဂါမကူးအောင်Continue reading “လက်ဆေး ခြင်းဖြင့် ကာကွယ်နိုင်သော ရောဂါများ”

ကြိုတင်ကာကွယ်မှုက ကုသမှုထက် ပိုကောင်းတယ်ဆိုတဲ့ ဆိုရိုးဟာ ကင်ဆာရောဂါအတွက် ပိုပြီးမှန်ကန်တဲ့ စကားဖြစ်ပါတယ်။ ကင်ဆာမဖြစ်ဖို့အတွက် နေ့စဉ်စားသောက်သင့်တဲ့ အစားအသောက်တွေနဲ့ ရှောင်သင့်တဲ့ အစားအသောက်တွေကို သိထားပြီး နေ့စဉ် ကိုယ်စားသောက်ရာမှာ သတိထားဆင်ခြင်ဖို့ လိုပါတယ်။

စားသောက်သင့်သည်များ (၁) ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်းတို့လို မပြည့်ဝဆီပါတဲ့ အစားအစာတွေ၊ ဂျုံမှုန့်၊ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစာတွေလို အမျှင်ဓာတ်ပါတဲ့ အစာတို့ကို စားပေးသင့်ပါတယ်။ (၂) တူနာငါး၊ ဆာဒင်းငါးတို့လို အိုမီဂါ ၃နဲ့ ၆ ပါဝင်မှုများတဲ့ ပင်လယ်စာကို စားပေးပါ။ (၃) ဟင်းချက်တဲ့အခါမှာ သံလွင်ဆီစစ်စစ်နဲ့ မြေပဲဆီတို့ကိုသုံးပါ။ ဟင်းရွက်သုပ်ရာမှာ အဓိကအားဖြင့် ဟင်းသီးဟင်းရွက်ဆီကို သုံးသင့်ပါတယ်။ (၄) ဆီးသီးလို အမျှင်ဓာတ်ပါဝင်မှု မြင့်မားတဲ့ သစ်သီးတွေကိုစားပါ။ ဖြစ်နိုင်ရင် အချိုရည်အစား သစ်သီးဖျော်ရည်ကို သောက်ပါ။ သစ်သီးတွေထဲမှာ ကင်ဆာကို ဆန့်ကျင်ပေးနိုင်တဲ့ အစွမ်းထက် ဒြပ်ပေါင်းများစွာ ပါဝင်ပါတယ်။ (၅) ဗီတာမင်စီ၊ ဗီတာမင်အီးနဲ့ ကယ်လ်ဆီယမ်တို့ပါအောင် နေ့စဉ်စားပေးပါ။ သင်တစ်နေ့တာစားတဲ့ အစာထဲမှာ ဒီအာဟာရဓာတ်တွေမပါရင် ဖြည့်စွက်ဆေး စားပေးသင့်ပါတယ်။Continue reading “ကြိုတင်ကာကွယ်မှုက ကုသမှုထက် ပိုကောင်းတယ်ဆိုတဲ့ ဆိုရိုးဟာ ကင်ဆာရောဂါအတွက် ပိုပြီးမှန်ကန်တဲ့ စကားဖြစ်ပါတယ်။ ကင်ဆာမဖြစ်ဖို့အတွက် နေ့စဉ်စားသောက်သင့်တဲ့ အစားအသောက်တွေနဲ့ ရှောင်သင့်တဲ့ အစားအသောက်တွေကို သိထားပြီး နေ့စဉ် ကိုယ်စားသောက်ရာမှာ သတိထားဆင်ခြင်ဖို့ လိုပါတယ်။”

“ဆုပ်လည်းစူး၊ စားလည်းရူး”ဆိုသလို ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွေများ ကြုံခဲ့ရရင်

တစ်ခါက ထက်မြက်တဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ သူ့ကို သူငယ်ချင်းတစ်ယောက်က မေးတယ်။ “တကယ်လို့ မင်းလမ်းလျှောက်နေရင်းနဲ့. . ရှေ့တစ်လှမ်းလှမ်းရင် သေမယ်.. နောက်တစ်လှမ်းဆုတ်ရင် မျက်လုံးကန်းမယ်၊ မင်းက ရပ်နေလို့လည်း မရဘူး . . လျှောက်တော့ လျှောက်ရမယ်ဆိုပါစို့၊ မင်းဘယ်လမ်းကို ရွေးမလဲ” . . . သူကဖြေတယ်။ “ဘယ်လမ်းကိုမှ မသွားဘူး၊ ဘေးတိုက်သွားမယ်.. ”တဲ့။ ဒီစာစုလေးကပေးချင်တဲ့ သင်ခန်းစာကတော့ ဘဝမှာ လမ်းဆုံးသွားတယ်ဆိုတာ မရှိပါဘူး။ အခက်အခဲနဲ့ကြုံတွေ့တဲ့အခါ တခြားအမြင်ရှုထောင့်ကနေ ပြောင်းကြည့်ဖို့ပဲ လိုပါတယ်။ ဘဝမှာ “ဆုပ်လည်းစူး၊ စားလည်းရူး”ဆိုသလို ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွေများ ကြုံခဲ့ရရင် ဖောက်ထွက်ဖို့ ကြိုးစားကြည့်ပါ။ တကယ်လို့ ဘေးကလမ်းဟာ လမ်းပဲဆိုတာမြင်တတ်ရင် အခက်အခဲဆိုတာ အောင်မြင်စွာကျော်လွှားနိုင်မှာပါ။ စူး (ဆေးဝါးတက္ကသိုလ်)

Design a site like this with WordPress.com
Get started