မင်္ဂလာပါ
Be yourself; Everyone else is already taken.
— Oscar Wilde.
This is the first post on my new blog. I’m just getting this new blog going, so stay tuned for more. Subscribe below to get notified when I post new updates.
Be yourself; Everyone else is already taken.
— Oscar Wilde.
This is the first post on my new blog. I’m just getting this new blog going, so stay tuned for more. Subscribe below to get notified when I post new updates.

သင်က နယ်ပယ်တစ်ခုမှာ အောင်မြင်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်ဆိုရင် ဒီအချက်လေးတွေကို သိထားဖို့ လိုအပ်ပါတယ်။
၁။ ပြင်းထန်စွာ အလုပ်ကြိုးစားပါ။
လူအများစုဟာ လက်တလော အဆင်ပြေဖို့လောက်သာ အလုပ်ကြိုးစားကြပါတယ်။ သင်ဟာ ထူးချွန်အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အလုပ်ကို ပြင်းထန်စွာ ကြိုစားဖို့လိုပါတယ်။ အမှန်တကယ် အလုပ်ကြိုးစားတဲ့ သူတွေကို အောင်မြင်မှုက စောင့်ကြိုနေမှာ သေချာပါတယ်။
၂။ အပြောလေးတွေ လျှော့ပါ။
စကားဆိုတာ လူတိုင်း အလွယ်တကူ ပြောတတ်ကြပါတယ်။ အလုပ်နဲ့ သက်သေပြဖို့သာ ခက်ခဲတာပါ။ ဒါကြောင့် နေရာတကာမှာ အပြောကို ဦးစားမပေးဘဲ အလုပ်ကိုသာ အာရုံစိုက်ပါ။
၃။ ရည်မှန်းချက် ကြီးကြီးထားပါ။
လူတိုင်းမှာ ရည်မှန်းချက် ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် သင့်ရဲ့ ရည်မှန်းချက်တွေက ကြီးမားနေဖို့လိုပါတယ်။ ရည်မှန်းချက်တွေအတိုင်း အလုပ်ကြိုးစားမယ်ဆိုရင် ခမ်းနားတဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။
၄။ ပျော်ရွှင်စွာ နေထိုင်ပါ။
လူတစ်ယောက်အတွက် အောင်မြင်မှုရဖို့အပြင် ပျော်ရွှင်နေဖို့လဲ အရေးကြီးပါတယ်။ ဒါကြောင့် နေ့ရက်တိုင်းကို အပြုံးတွေနဲ့သာ ဖြတ်သန်းပါ။ အလုပ်တွေကြိုးစားရင်း အပြုံးတွေနဲ့ ရှေ့ဆက်နိုင်အောင် အမြဲကြိုးစားပါ။
၅။ အမှားတွေကတဆင့် သင်ခန်းစာယူပါ။
အလုပ်ကြိုးစားနေတဲ့ လူတစ်ယောက်က အမှားတွေလုပ်မိနေတာ မဆန်းပါဘူး။ အဲဒိအမှားတွေကပဲ သင့်ဘဝကို မြင့်မားလာအောင် စွမ်းဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တူညီတဲ့ အမှားတွေ ထပ်မှားရင်း အချိန်မကုန်ရအောင် အတိတ်က အမှားတွေကို သင်ခန်းစာ ယူတတ်ဖို့ အရေးကြီးပါတယ်။
Credit: Linn Linn Maung (Myanmar Leaders)
ဒီတစ်လောမှာခဏခဏကြားနေရတာကတော့ ” လက်ဆေး ပါ” ဆိုတဲ့ စကားပါပဲ။ COVID-19 ဖြစ်နေတဲ့ အချိန်မှာ လူတွေကို ရောဂါ ကာကွယ်နိုင်ဖို့ မကြာမကြာ လက်ဆေးပါလို့ တိုက်တွန်းနေကြပါတယ်။ လက်ဆေးတာက COVID-19မှ မဟုတ်ပါဘူး။ တခြားရောဂါတွေကိုပါ ကာကွယ်နိုင်ပါတယ်။ ဒါတွေက ဘာတွေလဲ ဆိုတာ ကြည့်ကြရအောင်။

၁။ COVID-19
အားလုံးသိတဲ့အတိုင်း WHOက ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာပြီးတဲ့ နောက်မှာ လူတွေက COVID-19နဲ့ ပတ်သတ်လို့ စိုးရိမ်မှုတွေ မြင့်လာကြပါတယ်။ ဒီဗိုင်းရပ်စ်က အဆုတ်ရောင်ရောဂါဖြစ်ပြီး အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ်များပါတယ်။ အသက်ရှူလမ်းကြောင်းကနေထွက်တဲ့ အမှုန်အမွားတွေကနေ ကူးပြီး ရောဂါပျိုးချိန်က ၁၄ရက်ပါ။ ဘာလက္ခဏာမှမပြဘဲ ပိုးကို သယ်ဆောင်ထားသူ (carrier) တွေလည်း ရှိပါတယ်။
ဒီတော့ သင့်ကိုယ်သင်ရော သူများကိုရော ရောဂါမကူးအောင် ဘယ်လိုနေကြမလဲ။ CDC ကပြောတာတော့ နေမကောင်းတဲ့ သူတွေနဲ့ ဝေးဝေးနေ၊ ကိုယ်တိုင်လည်း နေမကောင်းရင် အိမ်မှာနေ၊ လက်ကိုသေချာဆေးပါပေါ့။ ဒါက လူအများသိပြီးသားပါ။ ဒီထဲမှာ ဘာလို့ လက်ဆေးဖို့ကို ခဏခဏမှာနေရတာလဲ။
မကြာသေးခင်က လေ့လာချက်တွေအရ လေဆိပ်တွေမှာ လက်ဆေးခိုင်းတာက ရောဂါဖြစ်နှုန်းကို ၂၄ကနေ ၆၉ရာခိုင်နှုန်းအထိ ကျသွားစေပါတယ်တဲ့။ ဒါကြောင့် ဘယ်နေရာမှာပဲ ရောက်နေပါစေ လက်ဆေးဖို့ မမေးပါနဲ့။
၂။ Hand- Foot- Mouth ရောဂါ
ဒီရောဂါက ပိုးရှိတဲ့ မစင်ကို ကိုင်မိတယ်။ ပြီးတော့ လက်သေချာ မဆေးမိဘူး။ ဒီကနေတဆင့် သူများကို ထိမိရင် ကူးတတ်ပါတယ်။ ရောဂါလက္ခဏာကတော့ ပါးစပ်၊ လက်နဲ့ ခြေထောက်မှာ အရည်ကြည်ဖုတွေ ပေါက်တာပါ။
၃။ Giardiasis (ဝမ်းပျက်ရောဂါ)
ဒါက ကပ်ပါးပိုးကြောင့် ဖြစ်ပြီး မစင်ကနေပဲ ကူးစက်ထားပါ။ ပိုးပါတဲ့ မစင်ကို ကိုင်တွယ်ပြီး လက်ကို သေချာ မဆေးဘူး။ ပြီးတော့ အဲ့လက်နဲ့ အစားအစာ စားမယ်ဆိုရင် ပိုးကူးစက်နိုင်ပါတယ်။ လက္ခဏာတွေကတော့ ဗိုက်ရစ်တာ၊ ဝမ်းလျှောတာ၊ လေပွတာတွေ ဖြစ်ပါတယ်။
၄။ အရေပြားရောဂါများ
မျက်စိနာတာ၊ ရေကျောက်ပေါက်တာ၊ ဝက်သက်ပေါက်တာ၊ အရေပြား ပိုးဝင်တာ စတာတွေကလည်း လက်မဆေးရင် ပိုဖြစ်တတ်ပါတယ်။ သူများကိုလည်း ကူးစက်တတ်ပါတယ်။
၅။ အသည်းရောင် အသားဝါ အေပိုး
ကံကောင်းတာက ဒီပိုးက ဘီပိုးက စီပိုးတွေလို နာတာရှည် ရောဂါ မဖြစ်ပါဘူး။ ဒါပေမယ့် ပိုးဝင်တဲ့ အချိန်မှာ အစာအိမ်နဲ့ အူလမ်းကြောင်း လက္ခဏာတွေ၊ ဖျားတာ၊ နုံးတာ၊ အသားဝါတာတွေ ဖြစ်နိုင်ပါတယ်။ သူကလည်း မသန့်တဲ့ လက်နဲ့ အစားစားရာကနေ ကူးစက်တာပါ။
၆။ အစာအဆိပ်သင့်တာ
လူအများ သိတာက အစာအဆိပ်သင့်တယ်ဆိုတာ အပြင်စာတွေ စားပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်တယ်ပေါ့။ ဒါပေမယ့် အိမ်မှာနေရင်း လက်မဆေးဘဲ အစားအစာချက်ပြုတ်ရင်ပဲ ဖြစ်ဖြစ်၊ အစာစားရင်ပဲ ဖြစ်ဖြစ် အစာအဆိပ်သင့်နိုင်တယ်ဆိုတာ သတိပြုပါ။
၇။ Shigellosis
ဒီပိုးက တိရစ္ဆာန်တွေနဲ့ လူတွေရဲ့ အူလမ်းကြောင်းမှာ ရှိနေပါတယ်။ ဒါကြောင့် အစားအစာတွေကို သေချာ မချက်ပြုတ်ရင်ပဲ ဖြစ်ဖြစ်၊ အသားစိမ်းတွေကို ကိုင်တွယ်ပြီး လက်မဆေးရင်ပဲ ဖြစ်ဖြစ် ဒီလက်နဲ့ အစာစားမယ်ဆိုရင် ကူးတတ်ပါတယ်။ လက္ခဏာတွေကတော့ ဝမ်းလျှောတာ၊ ဝမ်းပျက်တာတွေ ဖြစ်တတ်ပါတယ်။
၈။ သန်ကောင် ရောဂါ
အားလုံး တဲ့အတိုင်း အိမ်သာတက်ပြီး လက်မဆေးရင်ပဲ ဖြစ်ဖြစ်၊ ညစ်ပတ်တဲ့လက်နဲ့ပဲ ဖြစ်ဖြစ် အစားအစာတွေကို ကိုင်တွယ်စားသောက်မယ်ဆိုရင် သန်ဥလေးတွေ ဝင်လာပြီး နောက်ပိုင်းကျရင် သန်ထိုးတာတွေ ဖြစ်လာနိုင်ပါတယ်။
CDCရဲ့ အဆိုအရကတော့ လက်ကို သေချာဆေးမယ်ဆိုရင်
ဒါကြောင့် လက်ဆေး ဖို့ မမေ့ပါနဲ့။ လက်မှာ ဘာမှ မရှိလို့ ဆိုပြီး လက်ဆေးဖို့ မပျင်းပါနဲ့။ လက်မှာ မမြင်နိုင်တဲ့ ပိုးမွှားတွေမှ အများကြီးပါ။ ဒီပိုးမွှားတွေကြောင့်ပဲ ရောဂါတွေ အများကြီး ဖြစ်ရတာပါ။ ဒါကြောင့် စနစ်တကျ လက်ဆေးပြီး ရောဂါတွေကို ကာကွယ်လိုက်ပါ။

စားသောက်သင့်သည်များ
(၁) ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီစိမ်းတို့လို မပြည့်ဝဆီပါတဲ့ အစားအစာတွေ၊ ဂျုံမှုန့်၊ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစာတွေလို အမျှင်ဓာတ်ပါတဲ့ အစာတို့ကို စားပေးသင့်ပါတယ်။
(၂) တူနာငါး၊ ဆာဒင်းငါးတို့လို အိုမီဂါ ၃နဲ့ ၆ ပါဝင်မှုများတဲ့ ပင်လယ်စာကို စားပေးပါ။
(၃) ဟင်းချက်တဲ့အခါမှာ သံလွင်ဆီစစ်စစ်နဲ့ မြေပဲဆီတို့ကိုသုံးပါ။ ဟင်းရွက်သုပ်ရာမှာ အဓိကအားဖြင့် ဟင်းသီးဟင်းရွက်ဆီကို သုံးသင့်ပါတယ်။
(၄) ဆီးသီးလို အမျှင်ဓာတ်ပါဝင်မှု မြင့်မားတဲ့ သစ်သီးတွေကိုစားပါ။ ဖြစ်နိုင်ရင် အချိုရည်အစား သစ်သီးဖျော်ရည်ကို သောက်ပါ။ သစ်သီးတွေထဲမှာ ကင်ဆာကို ဆန့်ကျင်ပေးနိုင်တဲ့ အစွမ်းထက် ဒြပ်ပေါင်းများစွာ ပါဝင်ပါတယ်။
(၅) ဗီတာမင်စီ၊ ဗီတာမင်အီးနဲ့ ကယ်လ်ဆီယမ်တို့ပါအောင် နေ့စဉ်စားပေးပါ။ သင်တစ်နေ့တာစားတဲ့ အစာထဲမှာ ဒီအာဟာရဓာတ်တွေမပါရင် ဖြည့်စွက်ဆေး စားပေးသင့်ပါတယ်။ ဒီအာဟာရဓာတ်တွေက အူလမ်းကြောင်းဆိုင်ရာ ကင်ဆာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၆) ကြက်သွန်ဖြူ၊ ကြက်သွန်နီစတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို စားပေးပါ။ ကြက်သွန်ဖြူကို အခွံနွှာပြီး အနည်းငယ်ကြာမှ စားပေးပါ။
ရှောင်သင့်သည်များ
(၁) အနီရောင်အသားကို ကင်တဲ့အခါ ကင်ဆာဖြစ်စေတဲ့ဓာတ်တွေ ထွက်လာတတ်ပါတယ်။ ဒါကြောင့် အနီရောင်အသားတွေကို တတ်နိုင်သမျှ ကင်ပြီးမစားပါနဲ့။
(၂) အရက်၊ ဘီယာစတာတွေကို ဖြစ်နိုင်ရင် မသောက်ပါနဲ့။ အရက်မသောက်ရမနေနိုင်လို့ သောက်ရင် အသင့်အတင့် ပဲသောက်ပါ။
(၃) သကြားစားတာကိုလျှော့ပါ။ သကြားအရသာကို အစားထိုးနိုင်ဖို့ ဆီးချိုသမားတွေအတွက် သီးသန့်ထုတ်ထားတဲ့ သကြားကို သုံးနိုင်ပါတယ်။
စူး (ဆေးဝါးတက္ကသိုလ်)
တစ်ခါက ထက်မြက်တဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ သူ့ကို သူငယ်ချင်းတစ်ယောက်က မေးတယ်။
“တကယ်လို့ မင်းလမ်းလျှောက်နေရင်းနဲ့. . ရှေ့တစ်လှမ်းလှမ်းရင် သေမယ်.. နောက်တစ်လှမ်းဆုတ်ရင် မျက်လုံးကန်းမယ်၊ မင်းက ရပ်နေလို့လည်း မရဘူး . . လျှောက်တော့ လျှောက်ရမယ်ဆိုပါစို့၊ မင်းဘယ်လမ်းကို ရွေးမလဲ” . . .
သူကဖြေတယ်။
“ဘယ်လမ်းကိုမှ မသွားဘူး၊ ဘေးတိုက်သွားမယ်.. ”တဲ့။
ဒီစာစုလေးကပေးချင်တဲ့ သင်ခန်းစာကတော့ ဘဝမှာ လမ်းဆုံးသွားတယ်ဆိုတာ မရှိပါဘူး။ အခက်အခဲနဲ့ကြုံတွေ့တဲ့အခါ တခြားအမြင်ရှုထောင့်ကနေ ပြောင်းကြည့်ဖို့ပဲ လိုပါတယ်။ ဘဝမှာ “ဆုပ်လည်းစူး၊ စားလည်းရူး”ဆိုသလို ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွေများ ကြုံခဲ့ရရင် ဖောက်ထွက်ဖို့ ကြိုးစားကြည့်ပါ။ တကယ်လို့ ဘေးကလမ်းဟာ လမ်းပဲဆိုတာမြင်တတ်ရင် အခက်အခဲဆိုတာ အောင်မြင်စွာကျော်လွှားနိုင်မှာပါ။
စူး (ဆေးဝါးတက္ကသိုလ်)